မိုင်းရယ် ဇူလိုင် ၉
လားရှိုးခရိုင်၊ မိုင်းရယ်မြို့မှ ဟိတဓရလူမှုကူညီရေးအသင်းသည် နားဖျိုင်းကျေးရွာမှ အသွား အလာကန့်သတ်ထားရှိသည့် ပိုးတွေ့လူနာအိမ်နှင့် မိုင်းရယ်မြို့အမှတ်(၁)နှင့်(၂)ရပ်ကွက်မှ ပိုးတွေ့ လူနာအိမ်များသို့ ယမန်နေ့က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာ ရုံးအဆောက်အဦးအတွင်းအပြင်၊ လျှောက်လမ်းများနှင့် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများ၊ လမ်းများကိုလည်း ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခဲ့ ကြောင်း ဟိတဓရလူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုမင်းထက်ဦးထံမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၁၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၇ ဦးရှိပြီး အတည်ပြုလူနာ ၁၀ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်စောင့်ကြည့် ကုသလျက်ရှိ ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)