ပြင်ဦးလွင်ခရိုင်အား ကစားကွင်းအတွင်း ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ရောဂါ ကုသရေး Center သို့ အလှုရှင်များမှ ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများနှင့် အဟာရဖြည့်စွက်အစားအစာများ လာရောက် လှူဒါန်း

ပြင်ဦးလွင် ဇူလိုင် ၉

ပြင်ဦးလွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ ခန်းမဆောင်များတွင် သီးသန့် အဆာင်များဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရောဂါကုသရေး Center ကို  ထပ်မံတိုးချဲ့ဖွင့်လှစ် ကုသလျက်ရှိသည်။

ယခုအခါတွင် ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး (Positive) တွေ့ရှိသူများ အလွန်များပြား လာပါသဖြင့် ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အချိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ ဆန်များ၊ ရေသန့်များနှင့် မုန့်များစသည့် အာဟာရဖြည့်စွက် အစားအစာများကို စေတနာရှင်အလှူရှင်များမှ တာဝန်ရှိသူများထံသို့ နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိပကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)