လိပ်သို သြဂုတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရပ်ကွက် ၆ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား Action Aid Myanmar အသင်းနှင့် သံတောင်ကြီးမြို့နယ် အရပ်ဖက်အဖွဲ့အစည်းများပူပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နှာခေါင်းစည်းများနှင့် ကျန်းမာရေး ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် Action Aid Myanmar အသင်းမှ အဖွဲ့ဝင် ဦးစောနေထူးနှင့်အတူ လိပ်သိုမြို့မှ အဖွဲ့ဝင် ဒေါ်နော်အဲလိဇဘက်ချောတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများနှင့် Hand Gel များကို ရပ်ကွက်တစ်ရပ်ကွက်လျှင် ၅၀၀ ခု၊ အပူချိန်တိုင်းကိရိယာတစ်ခုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Action Aid Myanmar အသင်းနှင့် သံတောင်ကြီးမြို့နယ် အရပ်ဖက်အဖွဲ့အစည်းများသည် လိပ်သိုမြို့နယ်အတွင်းရှိ ကျန်ရှိ နေသော ကျေးရွာများအား ထောက်ပံ့ပစ္စည်းများကို လိုက်လံထောက်ပံ့ပေးနိုင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)