ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀)ဉီးထပ်မံတွေ့ရှိ

ချင်းရွှေဟော်   ဇူလိုင်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ   ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို    လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့်   ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်   စစ်ဆေးဆောင်ရွက်ခဲ့ရာ   စစ်ဆေးချက်အဖြေအရ  ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသား(၇)ဉီးနှင့် အမျိုးသမီး(၃)ဉီး စုစုပေါင်း(၁၀)ဉီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက်  ချင်းရွှေဟော်မြို့၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ နှင့်ကော်မတီအဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက်ရှိ မြို့တော် ခန်းမ၊ Quarantine စင်တာသို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသူများအား ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine  ထားရှိပြီး  ၎င်းတို့ နေထိုင်သည့် နေရာများအား   အသွားအလာကန့်သတ်ထား၍    ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ   ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ(၂၆)ဉီးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)