စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

ဒေါပုံ  ဇူလိုင်  ၉

ဇူလိုင်က ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးTalk Show ကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ‌ဒေါပုံမြို့နယ်ရုံးမှ ဒေါ်ခင်မာ‌ဝေနှင့်  ပေါက်‌‌ပေါက် (စာရေးဆရာ) တို့က လူငယ်များ စာဖတ်ရှိန်မြင့်မားလာ‌စေရေးအတွက် စာဖတ်ချင်လာအောင် လေ့ကျင့်ရမည့် နည်းလမ်းများ၊ စာပေဖတ်ရှုမှုကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဖတ်ရှုသင့်သည့်စာအုပ်များ၊ game, fb  စွဲလန်းနေသော လူငယ်များအတွက် စာပေဖတ်ရှုကြရန် တိုက်တွန်းချက်များ အစရှိသည်တို့ကို ပြည်သူများသိရှိစေရန် Talk Show အစီအစဉ်မှ တစ်ဆင့် အသိပညာပေး ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး Talk Show များကို We Love Dawpon Facebook Page နှင့် ဒေါပုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page များတွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်မာဝေ