သီပေါမြို့ နှလုံးသားပရဟိတ လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေး လိုက်လံဖျန်းပေးခြင်းဆောင်ရွက်

သီပေါ ဇူလိုင် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတ လူမှုကူညီရေး အသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်များတွင် ပိုးသတ်ဆေးအခမဲ့ ဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများ နေ့စဉ်တွေ့ရှိနေရပြီး ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁၉၅)ဦး၊ သေဆုံးသူ(၇)ဦး ရှိနေပြီဖြစ်ပါသော ကြောင့်  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ သီပေါမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များအတွင်းရှိလူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများနှင့် လိုအပ်သည့် နေရာများတွင် ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးခြင်းဖြစ်ကြောင်း  နှလုံးသား ပရဟိတလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)