တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ၁၂ ဦးထပ်မံတွေ့ရှိ

တောင်သာ ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ တန်းမြင့်ကျောင်း ရပ်ကွက်မှ မ(၁)ဦး၊ မင်းတည်းကျေးရွာမှ ကျား(၄)ဦး၊ တဲယာကျေးရွာမှ ကျား(၁)ဦး၊ ဝဲလောင်ကျေးရွာမှ ကျား(၁)ဦး၊ မ(၄)ဦး၊  ဘူတာကုန်းရပ်ကွက်မှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့်  ကိုဗစ်-၁၉ ရောဂါသံသယရှိသဖြင့် မြို့နယ် ပြည်သူ့ ဆေးရုံ၌  RDT Kit  ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာ(၁၂)ဦးအား တောင်သာမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၈၂)ဦးရှိပြီး သေဆုံးသူ (၂)ဦးနှင့် ဆေးရုံဆင်းသူ (၃)ယောက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)