သီပေါ ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ယာယီ ပိတ်ထားကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းလုံးတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုနှုန်း မြင့်တက်လာပြီး သီပေါ မြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခြင်း နှင့် အတည်ပြုလူနာများထဲမှ သေဆုံးသူများလည်း ရှိလာခြင်းကြောင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့်၊ ကူးစက်ပျံ့နှံ့မှု မရှိစေ ရေးအတွက် အခြေခံပညာကျောင်းများအား ဇူလိုင်လ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ယာယီ ပိတ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(ပြန်/ဆက်)