သီပေါ ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၈ ရက်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၁)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၈ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဖျားနာသူ (၆၂)ဦးတို့အား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာအမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦး၊စုစုပေါင်း(၁၁)ဦးတို့တွင်ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသ ကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်း ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ (၆)ဦးတို့အား Home Quarantineနှင့် Quarantine Centre တို့တွင် အသီးသီး ထားရှိကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၉၅) ဦးရှိပြီဖြစ်ကြောင်းနှင့်သေဆုံးသူ(၇)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(ပြန်/ဆက်)