လှိုင်းဘွဲ ဇူလိုင် ၉
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့မရရှိသဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ(၄)ဦးအား လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင်(၃)ဦးနှင့် ထီလုံ တိုက်နယ်ဆေးရုံတွင် (၁)ဦး ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာ များနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာကန့်သတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၃၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိ သူ(၆)ဦး၊ သေဆုံးသူ(၁)ဦးရှိကာ ကျန်ရှိနေသည့် လူနာများအား လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ ၌(၁၉)ဦး၊ ဘားအံပြည်သူ့ဆေးရုံ၌(၄)ဦး၊ ထီလုံတိုက်နယ်ဆေးရုံတွင်(၇)ဦး ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။
မြိို့နယ်(ပြန်/ဆက်)