လသာ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ဇူလိုင် လ(၈)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၅)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊
အဆိုပါကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ(၂၅)ဦး၊ ကုသမှုခံယူနေသူ(၂၂)ဦး၊ ဆေးရုံဆင်းသူ(၃)ဦး၊ Home Quarantine ဝင်နေသူ (၁၄)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်၊၊
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများ ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာန ဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ မြို့နယ်အတွင်း အချက်အချာကျသော နေရာများတွင် ပညာပေး ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက် အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း မြို့နယ်အတွင်းရှိစျေးများတွင် ဝယ်သူနှင့် ရောင်းချသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်း ဝယ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ အကြောင်း ပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
ဇူလိုင်လ ၇ ရက်နေ့ ည(၈)နာရီမှ ၈ ရက်နေ့ ည(၈)နာရီအတွင်း မြန်မာ တစ်နိုင်ငံလုံးမှ ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲနမှုနာ စုစုပေါင်း(၁၄၉၂၇)ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ်(၄၁၃၂)ဦး တွေ့ရှိခဲ့ကြောင်းနှင့် ဇူလိုင်(၈) ရက်နေ့အထိ ဓာတ်ခွဲနမှုနာ စုစုပေါင်း(၂၈၂၅၈၂၂)ခု စစ်ဆေးခဲ့ပြီး အတည်ပြု လူနာ စုစုပေါင်း(၁၈၀၀၅၅)ဦး၊ ဆေးရုံးဆင်းခွင့် ရရှိမှု(၁၄၂၃၀၉)ဦးရှိပြီး သေဆုံး သူ စုစုပေါင်း(၃၆၂၁)ဦးရှိ ကြောင်း သိရသည်၊၊