မယ်ယန်းကျေးလက်ဈေးတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာတွေ့ရှိသဖြင့် အသွားအလာကန့်သတ်ခြင်းနှင့် ဆေးဖျန်းခြင်းများဆောင်ရွက်

တာချီလိတ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မယ်ယန်းကျေးလက်ဈေးတွင် ဈေးသည် တစ်ဦး ယမန်နေ့ နေ့လည်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် စည်ပင်သာယာရေးဌာန၊ ကြက်ခြေနီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဈေးအတွင်း ဆေးဖျန်းခြင်းနှင့် အသွားအလာ ကန့်သတ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဈေးအား ၇-၇-၂၀၂၁ ရက်နေ့မှ ၂၀-၇-၂၀၂၁ ရက်နေ့ထိ ၁၄ ရက်ကြာ ယာယီ ပိတ်သိမ်းထားပြီး ဟင်းသီးဟင်းရွက်နှင့် သားငါးများကို သတ်မှတ်နေရာများတွင် နေ့လည် ၁၁ နာရီထိ ပြောင်းရွေ့ရောင်းချရန် စီမံဆောင်ရွက်ပေးထားကြောင်း စည်ပင်သာယာရေးဌာန မှသိရသည်။

ယာဆေး