လိပ်သိုမြို့၀င် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရန် Mask များ အခမဲ့ဖြန့်ဝေ

လိပ်သို  ဇူလိုင်  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၀င် ပူးပေါင်းစစ်ဆေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask Campaing  ပြုလုပ်ခြင်း၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့နံနက် ၉ နာရီ က စတင်၍ လိပ်သိုမြို့၀င် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်  လမ်းသွားလမ်းလာ ပြည်သူများအား Mask များ ဖြန့်ဝေပေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက  Mask တပ်ဆင်ကြရန် အသိပညာပေးခြင်း၊ မော်တော်ယာဉ် မော်တော်ဆိုင်ကယ်စီးနင်းသူများ  ကျန်းမာရေးညွှန်ကြားချက်များ  လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးခြင်းအား  လိပ်သိုမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင်