ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မခန္တီးကျေးရွာအားပထမဦးဆုံး အဝင်အထွက် (အသွားအလာ) ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်

ဝိုင်းမော် ဇူလိုင် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်၊ မခန္တီးကျေးရွာအား ပထမဦးဆုံးအ‌နေဖြင့် အဝင်အထွက် (အသွားအလာ) ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား‌‌ကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ ယမန့်နေ့ အမိန့်‌ကြေငြာ စာအမှတ်၊ (၁/၂၀၂၁) အရ ထုတ်ပြန်ကြေငြာသည်။

ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ (Coronavirus Disease 2019, Covid-19) ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက် လျက်ရှိရာ ဝိုင်းမော်မြို့နယ်၊ မခန္တီးကျေးရွာအတွင်း ကူးစက်ပြန့်ပွားမှု များပြားလာခြင်း၊ ဓါတ်ခွဲ အတည်ပြုလူနာများ တိုးလာခြင်း၊ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့သူများ များပြားလာခြင်းတို့ကြောင့် ကချင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဆိုပါ ကျေးရွာအား (၈.၇.၂၀၂၁)ရက်နေ့ ညနေ (၁၈) နာရီအချိန်မှစ၍ အဝင် အထွက် (အသွားအလာ)ကန့်သတ်နေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

အဆိုပါထုတ်ပြန် ကြေငြာချက်တွင် ကျေးရွာအတွင်း နေထိုင်သူများသည် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ရန်၊ ပြင်ပမှ ပြည်သူများအနေဖြင့် အဆိုပါနေရာသို့ ဝင်ရောက်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ ၎င်းကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ရန်ဖြစ်စေ၊ အရေးပေါ် ကျန်းမာရေး ကိစ္စရပ်များ‌‌ ပေါ်ပေါက်လာပါက အသွားအလာကန့်သတ် ‌နေရာရှိတာဝန်ကျသူများနှင့် ဆက်သွယ်ပြု ဆောင်ရွက်ရန်၊ အဆိုပါအမိန့်အား လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိင်နှင်းရေး ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမိန့် ကြောငြာစာတွင် ထည့်သွင်းထားကြောင်း သိရသည်။

ဝိုင်းမော်(ပြန်/ဆက်)