မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်း ပြုလုပ်

မြင်းခြံ ဇူလိုင် ၈

မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်းဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြင်းခြံခရိုင် ပြန်/ဆက်ရုံးမှ ဝန်ထမ်းများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်းဖိုးများ စာအုပ်ပါ ရည်ရွယ်ချက်၊ နိုင်ငံ ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုး သတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိ ရောက်စွာ ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိခြင်း၊ ရိုးသားဖြောင့်မတ် ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတက်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိ ကင်းရှင်းခြင်း၊ တရားမျှတစွာ ဆောင်ရွက်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း၊ အထွေထွေ စသည်တို့ကို အသီးသီး တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)