ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ် ဇူလိုင် ၈

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ပြည်သူ့ဈေးနှင့် ဝန်းကျင်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့များသည် အဖွဲ့(၂)ဖွဲ့ခွဲ၍ အမှတ်(၁)နှင့် အမှတ်(၂)ပြည်သူ့ဈေး၊ ဈေးဝန်းကျင်ရှိ ပျံကျအရောင်းဆိုင်များ၊ ပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာနေခြင်း မပြုလုပ်စေရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်ရေးတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)