လှိုင်းဘွဲ ဇူလိုင် ၈
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ များ ထပ်မံတွေ့ရှိမှုများရှိသဖြင့် လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံတွင် နေရာအခက်အခဲများရှိသောကြောင့် ယမန်နေ့က Covid-19 အတည်ပြုလူနာ(၃)ဦးအား ထီလုံတိုက်နယ်ဆေးရုံသို့ နေရာပြောင်ရွေ့ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအတည်ပြုလူနာ(၃)ဦးမှာ ဇူလိုင်လ(၂)ရက်နေ့က Covid-19 Positive ဖြင့် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ထီလုံကျေးရွာအုပ်စု၊ ကားဂိတ်ပိုင်းနေသူ ဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် နေရာမလုံလောက်သဖြင့် ယမန်နေ့က ထီလုံတိုက်နယ်ဆေးရုံသို့ နေရာပြောင်းရွှေ့ပေးခဲ့သည်။ နေရာပြောင်းရွှေ့ရာတွင် Hlaingbwe Bwe Rescue အဖွဲ့မှ ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက ကြီးကြပ်၍ စနစ်တကျ နေရာချထားပေးပြီး စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)