လယ်ဝေး ဩဂုတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၇) စက်မှုလယ်ယာစခန်း လယ်ဝေးမြို့တွင် ယနေ့ နံနက်(၈)နာရီခွဲက လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉-၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က အဖွင့်အမှာစကား ပြောကြားရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို စက်ကိရိယာ များဖြင့် ဆောင်ရွက်ရာ၌ ပြင်ဆင် ထိန်းသိမ်းသည့် နည်းပညာများ တတ်မြောက်ပါက လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအနေဖြင့် အကျိုးရှိသည့် သင်တန်းတစ်ခု ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝေက သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။ အဆိုပါ သင်တန်း တွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်းချွေလှေ့စက်နှင့် ကောက်စိုက်စက်များ၏ အခြေခံ မောင်းနှင် ထိန်းသိမ်းနည်းများကို စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၁၆)ရွာမှ တောင်သူသင်တန်းသား(၃၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ (၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)