ဟိုပန် ဩဂုတ် ၁၁
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် အရေးပေါ်ကာလ စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦး(ခရိုင်အုပ်ချုပ်ရေးမှူး)က ဟိုပန်ခရိုင်တွင် အရေးပေါ်ကာလစီမံခန့်ခွဲမှု ကော်မတီ၊ ဘေးအန္တရာယ်ဆိုင်ရာအဖွဲ့၊ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကော်မတီနှင့်အဖွဲ့တို့၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် ပြောကြားသည်။
ဆက်လက်၍ ခရိုင်အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး စိုးပိုင်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အရေးပေါ်အခြေအနေကြုံတွေ့လာပါက ကြိုတင် ပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်အခြေအနေတို့ကို လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး ဒေါ်ဝင်းမာသိန်း(ဒုတိယဦးစီးမှူး)က ခရိုင်အဆင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည့် အဖွဲ့ငယ်(၁၀)ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေး အန္တရာယ် မကျရောက်မီ ၊ ကျရောက်စဉ်နှင့်ကျရောက်ပြီးကာလ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကော်မတီဝင်နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)