ကျိုင်းတောင်း ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ယမန်နေ့ ညနေပိုင်းအချိန်၌ အမှတ်(၅)ရပ်ကွက်နေထိုင်သူ COVID-19 ရောဂါလက္ခဏာ သံသယလူနာ (၂) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၁) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၅)ရပ်ကွက်နေထိုင်သူ COVID-19 ရောဂါလက္ခဏာ သံသယလူနာ (၂) ဦးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ခိုလမ်မြို့(positive) လူနာနှင့် ထိတွေ့ခဲ့ပြီး ကျိုင်းတောင်းမြို့သို့ ပြန်လည်ရောက်ရှိလာသဖြင့် Quarantine centre တွင်ထားရှိ၍ RDT Test Kit ဖြင့် စစ်ဆေးရာတွင် (၁) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းနှင့် ထိတွေ့ခဲ့သော မိသားစုဝင် (၆)ဦးအား နေအိမ်တွင် Stay Home အဖြစ် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။