မောက်မယ် ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို နမ့်ယွမ်းဂေါက်ကွင်းတွင် ယမန်နေ့ညနေပိုင်း(၃)နာရီခွဲက ကျင်းပခဲ့သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၃ရက်နေ့မှ ၇ရက်နေ့အထိ ဘောလုံးအသင်း(၁၂ ) သင်းဖြင့် နမ့်ယွမ်းဂေါက်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ နေ့လယ် ၂ နာရီက ဗိုလ်လုပွဲစဉ်ကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့နယ် အားကစားကော်မတီဝင်များ ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဟင်းပေါင်းလူငယ်အသင်းနှင့် ဆီဆုံလူငယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဟင်းပေါင်းလူငယ်အသင်းက ၄ဂိုး၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဖလား တံခွန်စိုက်ဒိုင်းကိုဆွတ်ခူးနိုင်ခဲ့သည်။
ဘောလုံးပြိုင်ပွဲ ပထမဆုကိုဟင်းပေါင်း လူငယ်အသင်း ၊ ဒုတိယဆုကို ဆီဆုံလူငယ်အသင်း ကဆွတ်ခူးရရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် ၊ မြို့နယ်အားကစားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ် အား/ကာမှူး နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)