ရပ်ကွက်/ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပလောက် ဇူလိုင် ၈
 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများ သိရှိ လိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ပလောက်မြို့ရှိ ရပ်ကွက်/ကျေးရွာအတွင်းသို့ လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရ သည်။
 
အဆိုပါ လိုက်လံကြေညာရာတွင် ပြည်သူလူထုအနေဖြင့် ယခုကြုံတွေ့နေရ သော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုနှုန်းပိုမို မြန်ဆန်သည့်အတွက် မိမိတို့ မြို့နယ်အတွင်းသို့ ဝင်ရောက် မကူးစက်နိုင်စေရန် အထူးဂရုပြု သွားလာနေထိုင် ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများ သို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ ခပ်ခွာခွာ နေထိုင်ကြရန်စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ၊ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ် ထား သော စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များ အားပါဆယ်စနစ် ဖြင့်သာ ရောင်းချရန်နှင့် ဆိုင်ထိုင်ရောင်းချမှုများ မရှိစေရေးကြပ်မတ် ဆောင်ရွက်ကြရန်၊ ပြည်သူများအနေဖြင့် မလိုလား အပ်သော ခရီးသွား လာခြင်းအား လုံးဝမပြုလုပ်ကြရန်၊ (Stay at Home)သတ်မှတ်ထားသော မြို့နယ်များမှ လာရောက်သူများရှိပါက အသွားအလာ ကန့်သတ်ထားခြင်းနှင့် ဓါတ်ခွဲနမူနာ စစ်ဆေးခြင်းများကို လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။