ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ဆိပ်ကြီးခနောင်တို ဇူလိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး  Mask Campaign ကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လူစည် ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign တွင် ဆိပ်ကြီးခနောင်တို မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်လှိုင် နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက  ခနောင်တိုအရှေ့ရပ်ကွက်ရှိ အထကကျောင်းရှေ့ နှင့် ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပ သွားလာကြ သူများ၊ ဈေးရောင်း/ဈေးဝယ် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေး ပြောကြားခြင်းနှင့် ပြည်သူ တစ်ဦးချင်းစီ မဖြစ်မနေ Mask တပ်ဆင်သွားလာရေးအတွက် Mask များအား အခမဲ့ လိုက်လံ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဝေယံ