ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးအား ယာယီပိတ်ထား

မြဝတီ ဇူလိုင် ၈

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမြင့်မားလာခြင်းကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် မြဝတီမြို့၌ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိမှုတိုးပွားလာသောကြောင့် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ရောဂါပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြဝတီမြို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်ဈေးကို ဇူလိုင်လ (၇)ရက်နေ့မှစတင်ကာ နှစ်ပတ်ကြာယာယီပိတ်ထားမည်ဖြစ်သည်။

ထို့ပြင် မြို့အတွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်