လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၄)ဦးထပ်မံတွေ့ရှိ

လှိုင်းဘွဲ     ဇူလိုင်   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အတည်ပြုလူနာ(၄)ဦးတို့သည် အနံ့မရရှိသဖြင့် လှိုင်းဘွဲမြို့ ပြည့်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရာ Covid-19 ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း၊ အတည်ပြုလူနာ(၄)ဦးအား လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာကန့်သတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)