တနင်္သာရီတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ထားဝယ် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ဇေယျဘူမိသီလရှင်ကျောင်းတွင် သီလရှင်များ ကိုဗစ်-၁၉ ကာလ အတွင်း ဆွမ်းခြောက်အလှူခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့် အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ က ဝတ္ထုငွေ  (၃၈၃၅၀၀)ကျပ်၊ ဆန် ၁၂ ပြည်ဝင် ၃၀ အိတ်၊ ဆီ ၅ လီတာ ၁၀ ဗူး၊ အားလူး ၁၀ ပိဿ ၅ အိတ်၊ ကြက်သွန်နီ ၁၀ ပိဿ ၅ အိတ်၊ ကြက်သွန်ဖြူ ၁၀ ပိဿ ၂ အိတ် ၊ ငါးခြောက် ၁၂ ပိဿ ဆက်ကပ် လှူဒါန်းရာ ဇေယျဘူမိသီလရှင်ကျောင်းမှ ဆရာလေး ဒေါ်စန္ဒသိင်္ဂီ က လက်ခံယူသည်။

ဆက်လက်၍ ဇေယျဘူမိသီလရှင်ကျောင်းမှ ဆရာလေးဒေါ်စန္ဒသိင်္ဂီထံမှ တနင်္သာရီတိုင်းဒေသကြီး မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြားခဲ့ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)