လှိုင်းဘွဲ ဇူလိုင် ၇
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအတည်ပြုလူနာ(၁)ဦးမှာ လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ ရွှေဂွန်းလမ်းနေသူ ဖြစ်ပြီး အဖျားဝေဒနာခံစားနေရပါဖြင့် လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ရာ ဒေါက်တာစောငြိမ်းထွန်းမှ Covid-19 ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး၍ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အတည်ပြုလူနာများအား လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာကန့်သတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဇွန်လ(၂၄)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း(၂၈)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လာပါသဖြင့် ဆေးရုံဆင်းခွင့်ရှိသူ(၆)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)