လှိုင်းဘွဲမြို့ပေါ်တွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများအား ယာယီပိတ်ထား

လှိုင်းဘွဲ ဇူလိုင် ၇

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင် မျိုးရိုးဗီဇပြောင်း Covid-19 ရောဂါ ပိုးကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့် လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါ အတည်ပြုလူနာ ရှိနေခြင်းကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် လှိုင်းဘွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအနေဖြင့် ဇူလိုင်လ(၇)ရက်နေ့မှ (၁၆)ရက်နေ့အထိ ခေတ္တယာယီပိတ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)