ဟိုပင် ဇူလိုင် ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနှုန်း များပြားနေခြင်းကြောင့် ယနေ့ နံနက် ၉ နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း MASK များ တပ်ဆင်စေရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းကို သံလမ်းကူး −လမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြန့်ဝေခြင်းလုပ်ငန်းကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေး အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်တို့က ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက နှားခေါင်းစည်း MASK တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန် အသိပညာပေး ပြောကြားကာ နှာခေါင်းစည်း MASK အခု ၁၅၀၀ကို အခမဲ့ ဝေငှပြီး ဇူလိုင် ၇ ရက်တွင်လည်း ဟိုပင်မြို့ စည်ပင်သာယာရေးစျေးအတွင်း ဖြန့်ဝေပေး သွားမည်ကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်