ဘုတ်ပြင်း ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက်က အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း (Green Growth) အသိပေးသင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု နည်းပြသင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် က ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းသည့် လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်နှင့် ကျေးရွာအတွင်း ခေါင်းဆောင်ကောင်းများ စနစ်တကျ ရွေးချယ်တတ်စေရန် စသည့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကျေးရွာ ၊ ကျေးလက်ရေပေးရေးဆောင်ရွက်ထားရှိသည့် ကျေးရွာ ၊ ကျေးလက်မီးလင်းရေး ဆောင်ရွက်ထားရှိသည့် ကျေးရွာနှင့် ကျေးရွာစွန့်ပစ်အမှိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာများမှ သင်တန်းသားသင်တန်းသူ (၃၂) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းအပိုင်း (၁) တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းမိတ်ဆက်ခြင်းနှင့် လိုက်နာကျင့်သုံး ရမည့်အခြေခံအချက်များ ၊သဘာဝပတ်ဝန်းကျင်နှင့် ညီညွှတ်သော အခြေခံအဆောက် အအုံများ တည်ဆောက်ခြင်း၊ သဘာ ဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချခြင်း၊ ရေအလေအလွင့် ဆုံးရှံးမှုများ လျော့ချခြင်း၊ ရေအရင်းအမြစ်၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စွမ်းအင်ရရှိမှုနှင့် အကျိုးရှိစွာအသုံးပြုခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရုံးမှုလျော့နည်စေရန် စီမံခြင်း၊ အော်ဂဲနစ်သွင်းအားစုများ၊ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP)၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှုကာကွယ်ခြင်း၊ တိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) ၊ အမှတ်ပေးဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း ၊ အပိုင်း(၂)တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှု သင်တန်းမိတ်ဆက်ရှင်းလင်း ခြင်း၊ ကောင်းမွန်သည့်ခေါင်းဆောင်မှုနှင့် ညံ့ဖျင်းသည့်ခေါင်းဆောင်မှု၊ ခေါင်းဆောင်မှုပုံစံ၊ ကောင်းမွန်သော ဆက်သွယ်ဆောင်ရွက်မှု၊ ခေါင်းဆောင်၏အခန်းကဏ္ဍ၊ ခေါင်းဆောင်ကောင်း တစ်ဦးပြုကျင့်ရမည့် အမူအကျင့်၊ သင်တန်းပို့ချခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်း၊ စသည့် သင်ခန်းစာများကို မြို့နယ်ကျေးလက်ဒေသဦးစီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ သင်တန်းနည်းပြများက သင်တန်းကာလတစ်ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။