တံတားဦးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

တံတားဦး ဇူလိုင် ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်-၂ ရပ်ကွက် မြို့မစည်ပင်သာယာ ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်၇နာရီက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည် ။ အဆိုပါ Mask Campaign ပြုလုပ်ရာသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များက ဈေးရောင်း ၊ ဈေးဝယ်များအား Mask (၁၄၀၀)ကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ပြည်သူများအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သတ်ပြီး အရေးကြီးကာလဖြစ်သည်နှင့်အညီ ဒေသခံပြည်သူများ အဆိုပါရောဂါမှ ကင်းဝေးစေရန်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကြိုတင် ကာကွယ်ရေး ဆိုင်ရာများကို စနစ်တကျ သိရှိလိုက် နာဆောင်ရွက်ရေး ၊ လက်ဆေးခြင်း ၊ နှာခေါင်းစည်း တပ်ဆင်၍ အပြင်သို့သွားလာခြင်း ၊ တစ်ဦးနှင့်တစ်ဦး ၆ပေကွာစနစ်ဖြင့် စကားပြောဆိုခြင်း ၊ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း ၊ လူစုလူဝေး ပြုလုပ်ခြင်းမှ ရှောင်ကြရန်လိုကြောင်း နေအိမ်မှ အပြင်သို့သွားလာတိုင်း ၊ လူစည်ကားသည့် နေရာများသို့ သွားလာတိုင်းတွင် Maskကို စနစ်တကျတပ်ဆင်ပြီး သွားလာ စေလိုကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှိဦးကျော်နိုင် ၏ပြောကြားချက်များအရ သိရသည် ။

ရဲတင့်(တံတားဦး)