သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးဗီနိုင်းပိုစတာများ ထားရှိ

 

 

ရန်ကုန် ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်‌ရေး ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယနေ့ နံနက် ၈ နာရီ က သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်းအဝင်အထွတ်ဂိတ်များ၊ ကားဂိတ်များ၊ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး  ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကို ရှေးရှု၍ ကျန်းမာရေးနှင့်အားက စား၀န်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါကလည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများ ဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်း အောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ် သတ်မှတ်နှုန်းထားကို ကာယကံရှင် မှပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန် တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်း သိရသည်။

 

သင်္ဃန်းကျွန်းမြို့နယ်တွင် (Community Base Facility Quarantine Center) အဖြစ် ဆ/ခ ရပ်ကွက်၊ ဆောက်လုပ်ရေးသင်တန်းကျောင်းတွင် ခုတင် (၆၀) ဦးဆံ့ထားရှိရန် နေရာများပြန်လည်စီစဉ်ထား‌ရှိ‌ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရပြီး အဆိုပါ Quarantine Center တွင်  ကိုဗစ်-၁၉‌ရာဂါပိုးရှိသူနှင့် ထိ‌တွေ့ဆက်စပ်ခဲ့သူများ၊ ရောဂါဖြစ်ပွားရာ‌နေရာ‌ဒေသများမှ ပြန်လာသူများအား ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

 

စန္ဒာမိုး