ပင်လောင်း ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease (COVID 2019) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တီကျစ်တိုက်နယ် ဆေးရုံအတွင်း ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပင်လောင်းမြို့နယ်အဝင် နဂါးဘိလပ်မြေစက်ရုံအနီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးဂိတ် ဆောင်ရွက်မည့်နေရာနှင့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တီကျစ်ဈေး၊ နောင်တရားဈေးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် ငါးရက်တစ်ဈေးဖြစ်သည့် ပင်လောင်း မြို့မဈေး၊ တီကျစ်ဈေး၊ နောင်တရားဈေး၊ နောင်ဝိုးဈေး၊ ဆောင်းပြောင်းဈေး၊ ပင်ခွန်ဈေး၊ ထီယွန်းဈေးနှင့် လုံးပိုးဈေးတို့ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်သည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။