ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

 

ထားဝယ် ဇူလိုင် ၆

(၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အဖြစ် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မေတ္တာမြို့နယ်ခွဲရှိ ဆုထူးပိုင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ငါး ကန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တီလားဗီး ယားငါး၊ ငါးကြင်းရွှေဝါ၊ စုစုပေါင်းအကောင်ရေ (၇၀၀၀) ကို ဆုထူးပိုင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ငါး ကန်(၃)ကန်ထဲသို့ စိုက်ထည့်ပေးခဲ့သည်။

ငါးမျိုးစိုက်ထည့်ပွဲတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။

 

ကျော်ကျော်လတ်