မိုးကောင်းမြို့၌ COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

 

မိုးကောင်း  ဇူလိုင်  ၄

COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးတွင် Mask Campaign များပြုလုပ်လျက်ရှိပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မိုးကောင်းမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမ မီးပွိုင့်လမ်းဆုံ၊ မြို့မဈေးနှင့် ပျံကျဈေးများတွင် ပြည်သူလူထုအား COVID-19ရောဂါကာကွယ်ရေးဆိုင်ရာ Maskများ ဝေငှခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဌေးနှင့်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များစုစုပေါင်း အင်အား(၅၀)ခန့်က အုပ်စု(၄)စုခွဲကာ Mask (၁၀၀၀)ခုကို ပြည်သူလူထုအား ဝေငှခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)