ထားဝယ် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်ပင်သာယာရေးအဖွဲ့များက စျေးရောင်းချသူနှင့် စျေးဝယ်သူများအား စျေးရောင်းသည့်အခါတိုင်း Mask တပ်ကြပါ၊ ရေနှင့် ဆပ်ပြာဖြင့် လက်ကိုမကြာခဏဆေးပါ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ တွင်နေထိုင်ပါ၊ Mask စနစ်တကျတပ်ဆင်ပါ၊ Mask မတပ်လျှင် စျေးအပြင်ထွက် ပေးကြပါ၊ ဖျားနာခြင်း အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါ က မိမိအိမ်တွင်နေထိုင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပါစသည့် အသိပညာပေး လုပ်ငန်းများကို စျေးအတွင်း လှည့်လည်၍ အသိပညာပေးလျက်ရှိပြီး နှာခေါင်စည်း Mask နှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးလျက်ရှိသည်။
စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် အပတ်စဉ် သောကြာနေ့တိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်လတ်