ဟိုပုံး ဇူလိုင် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်များဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်သစ်တောဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင် က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထားထားလွင် ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းရဲထွန်း က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းလှမေ ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူးမင်းအောင် က လွယ်အွန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပညာ ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း က အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံကြူး ကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းနိုင်တို့ကို ထင်းရှုး၊ မယ်ဇလီ၊ ချယ်ရီ၊ ပင်စိမ်း၊ ကြောင်လျာ၊ မျောက်ငို၊ မက္ကဒေးမီးယား၊ ပေါက်ပန်းဖြူ၊ ထောပတ်၊ ရေသင်းဝင်၊ ခါတော်မီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ တစ်ပေဘူတ စသည့်ပျိုးပင်ပေါင်း (၁၄၀၀၀) တို့အား အသီးသီး ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)