မိုးညှင်းမြို့နယ်တွင် ကျေးရွာခေါင်းဆောင်မှု၊ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် အမှိုက်သိမ်းဆည်း စွန့်ပစ်မှု စနစ်စီမံခန့်ခွဲမှု အသိပညာပေး သင်တန်းဖွင့်လှစ်

မိုးညှင်း ဇူလိုင် ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ခေါင်းဆောင်မှု၊ အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် အမှိုက်သိမ်းဆည်း စွန့်ပစ်မှုစနစ် စီမံခန့်ခွဲမှု အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ညောင်ကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

ထိုသင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများ ပေါ်ထွန်းလာစေနိုင်မည့်အပြင် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ အနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာလူထုကို ပိုမိုလှုံ့ဆော် စည်းရုံးလာနိုင်စေခြင်းနှင့် ခေါင်းဆောင်၏ အခန်းကဏ္ဍကို ပိုမိုသိရှိ နားလည်လာပြီး လက်တွေ့ ကျင့်သုံးနိုင်ခြင်းများအတွက် အထောက်အကူဖြစ်စေကာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်း၌ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ကော်မတီဝင် စုစုပေါင်း(၁၂)ဦး တက်ရောက် ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)