တွံတေး ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ (Positive) Isolation အဖြစ် အသုံးပြုရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း Community Based Facility Quarantine များ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဇွန်လ (၂၇) ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၂) ဦး၊ ဇွန် (၂၉) ရက်နေ့တွင် (၁၁) ဦး စုစုပေါင်း (၁၃)ဦး တွေ့ရှိခဲ့သည့်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာပါက Isolation Work အဖြစ် အသုံးပြုရန်အတွက် တွံတေးမြို့ပေါ် ရွှေဆံတော်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ လူနာစောင့်များထားရှိရာ အဆောင်နှစ်ထပ်ဆောင်ဝင်ဆံ့ လူဦးရေ (၃၄) ဦး (၁) ခု၊ ရွှေဆံတော် ရပ်ကွက်ရှိ အာစိဏ္ဏကံတန်ဆောင်းတွင် ဝင်ဆံ့လူဦးရေ (၂၅) ဦး၊ ရှမ်းဓမ္မာရုံတွင်ဝင်ဆံ့လူဦးရေ (၂၅) ဦး နှင့် တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ်ဆေးရုံဟောင်းတွင် ဝင်ဆံ့လူဦးရေ (၃၀) ဦး မြို့နယ်အတွင်းရှိ Community Based Facility Quarantine Center (၄) ခုတွင် ဝင်ဆံ့လူဦးရေ (၁၁၄) ဦး အတွက် Volunteer (၁၂)ဦး၊ ကျန်းမာရေးဝန်ထမ်း (၈) ဦး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁၂)ဦးဖြင့် ဖွဲ့စည်း စီစဉ်ဆောင်ရွက်ထားပြီး ပရဟိတအသင်း (၃) သင်းမှ လူနာတင်ယာဉ်(၅)စီး အသင့်ထားရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရပြီး အဆိုပါ Quarantine Center တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ရောဂါဖြစ်ပွားရာနေရာဒေသများမှ ပြန်လာသူများအား ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။