ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ရောဂါပိုးတွေ့လူနာ (၂၄)ဦး ထပ်မံတွေ့ရှိ

ကော့ကရိတ်  ဇူလိုင်  ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် ယမန်နေ့ ည ၈နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၄ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  သိရသည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသည့် မိသားစုဝင်များနှင့် ထိတွေ့ မှုမရှိသည့် ဖျားနာ/အနံ့ ပျောက်လူနာ (၅၀)ဦးအား ယမန်နေ့ ညနေ ၂နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများက (RDT) Antigen Test Kitဖြင့်  စစ်ဆေးခဲ့ရာ၌ ၅၀ ဦးအနက် (၂၄)ဦးတို့တွင် ကိုဗစ် - ၁၉ရောဂါပိုးတွေ့အဖြေ ထွက်ရှိခဲ့ပြီး၊ အဆိုပါ ပိုးတွေ့လူနာများ ဖြစ်သည့်မာလာကုန်း ကျေးရွာ မ ( ၁) ဦး၊ လှိုင်ဝရွာ မ (၁) ဦး၊ အမှတ် (၅) ရပ်ကွက် မ (၁)ဦးနှင့် အမှတ် (၇) ရပ်ကွက် ကျား (၁)ဦးတို့ အား ကော့ကရိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ နဘူးကျေးရွာရှိ ပိုးတွေလူနာ  ကျား (၅) ဦး၊ မ(၁၅) ဦးတို့အား နဘူးတိုက်နယ်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ထို့အတူ အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သည့် မိသားစုဝင် (၄၃) ဦးတို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ အသွား အလာကန့်သတ် ထားကြောင်း သိရသည်။

 ကော့ကရိတ်မြို့တွင် ဇွန် ၁၈ရက်နေ့မှ ဇူလိုင် ၁ရက်နေ့အထိ ကိုဗစ် - ၁၉ရော ဂါပိုးတွေ့လူနာ (၇၂)ဦး ထိရှိသည့်အနက်   ဆေးရုံဆင်းခွင့်ရရှိသည့်ပိုးတွေ့လူနာ ( ၅) ဦးမှာ Home Quarantine နေထိုင်လျက်ရှိ ကြောင်းနှင့် ပိုးတွေ့ သေဆုံးလူနာ (၂) ဦးရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)