လိပ်သို ဇူလိုင် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ၊ကျမိုင်းကျေးရွာအုပ်စု၊ မြသာကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြသာကုန်းကျေးရွာစာကြည့်တိုက်၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျေးရွာအတွင်း ကူးစက်မှုမရှိစေရေး ကျေးရွာ အ၀င်/အထွက် စစ်ဆေးရေးဂိတ်များနှင့် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ ကျေးရွာအတွင်းရှိ စျေးရောင်းသူ/စျေး၀ယ်သူ များ Mask တပ်ဆင်ပြီးမှသာ ၀င်ရောက် နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုများ စတင် ဖြစ်ပွားလာသည့်အတွက် မိမိတို့ ကျေးရွာ အနေဖြင့် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉လုပ်ငန်းစဉ်များနှင့် ထပ်တိုးဆောင်ရွက်သွားမည့် လုပ်ငန်း စဉ်များကို တက်ရောက်လာသူ များနှင့် လူမှုရေးအသင်းအဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည် ။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် Hand Speaker ၊ လက်အိတ်၊ Mask နှင့် အပူချိန်တိုင်း ကိရိယာများ ထောက်ပံ့ပေးခြင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ လက်၀ယ်အရောက် ပေးအပ်ခဲ့ပြီး အစည်းအဝေးတွင် တက်ရောက်လာသော ပြည်သူများနှင့် ကျေးရွာရပ်မိရပ်ဖများ၏ တင်ပြဆွေးနွေးလာမှုအပေါ် မြို့အုပ် ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)