လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ    ဇူလိုင် 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူ များ ပိုမိုတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအချိန်က စာရေးဆရာ ကျော်ရင်မြင့် ရေးသားထားသည့် “ ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃(အင်အားပြ) ဦးမျိုးကိုကို ဦးဆောင် ၍ စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့်အတူ  စာရေးဆရာ ကျော်ရင်မြင့် ရေးသားသော ရွှင်ပျော်ပျော် အောင်မြင်ရေးအိုင်ဒီယာများ စာအုပ်တွင် ဉာဏ်စမ်းပြိုင်ပွဲ၊ အတွက်အချက် ချန်ပီယံ၊ စီးပွားရှာ နည်း၊ စိတ်ရှည်ရမယ်၊ တန်ရာတန်ကြေး၊ တန်ဖိုးထားတဲ့ဟာ၊ အကြံပိုင်သော လူကြီးမင်း၊ ဖြတ်ထိုးဉာဏ်၊ ဖြောင့်မတ်မှန်ကန်သူ၊ အောင်မြင်ချင်း၏သော့ချက် စသည့် ခေါင်းစဉ်များအလိုက် ရေးသားထားသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)