ပင်လောင်းမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ သစ်ပင်စိုက်ပွဲ ဆောင်ရွက်

ပင်လောင်း ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ သစ်ပင်စိုက်ပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်  ဦးဆလိုင်းမြင့်နိုင်က သင်တန်းကျောင်းရှိ နည်းပြဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ပျိုးပင်များ ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ နည်းပြဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ထောပတ်ပျိုးပင် ၃၀၊ လိမ္မော်ပျိုးပင် ၅၀ ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)