လဲချား ဇူလိုင် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလားအသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေး ပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက `` ဖူဆယ်စတား´´ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ဆီလှိုင်း FC အသင်းနှင့် Shan Star အသင်းတို့ယှဉ်ပြိုင်ကစားရာ ဆီလှိုင်း FC အသင်းက ၄ ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ ပထမဒိုင်းဆုနှင့် ငွေသားစု ကိုလည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာ အကြီး အကဲများမှ ဒုတိယဆုနှင့်တတိယဆု တို့ကိုလည်းကောင်း၊မြို့နယ်အား/ကာကော်မတီ အဖွဲ့ဝင်တို့မှ နေရာလိုက်အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)