ဟိုပန် ဇူလိုင် ၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုယ်ဗစ်-၁၉ ရောဂါပြန့်နှံ့ဖြစ်ပွားမှုမှ ကြိုတင်ကာ ကွယ်ရန်အတွက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးညီနပ်၏ လမ်းညွှန်မှု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ (၂)နာရီ က ဟိုပန်မြို့ဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လူဝင်လူထွက်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး ဝန်ထမ်းများက လူဝင်လူထွက်စာရင်းကောက် ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟိုပန်သို့လာရောက်သူများအား ကိုယ်ရေးအချက်အလက်များ မေးမြန်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်နှံ့မှုမှကာကွယ်ရန် အတွက် ရောဂါဖြစ်ပွားနေသည့်မြို့နယ်များမှ ဈေးရောင်းလာသူများအား (၂၆-၆-၂၀၂၁) ရက်နေ့ မှ (၉-၇-၂၀၂၁)ရက်နေ့အထိ မြို့နယ်အတွင်းဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊ Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသည့် မြို့နယ်များမှလာသူများအား ဟိုပန်မြို့နယ် တွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ မဖြစ်မနေလာရောက်ရပါက Quarantine Centre တွင် မိမိ စရိတ်ဖြင့် Quarantine ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ ဟိုပန်မြို့နှင့် ထိစပ်လျှပ်ရှိသည့် မြို့နယ်များမှ နေခြင်းပြန် လာရောက်သူများအနေဖြင့်လည်း နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) အခြားအထောက် အထားတစ်စုံတစ်ရာ ပြသနိုင်မှသာ မြို့တွင်းသို့အဝင်ခံမည်ဖြစ်ကြောင်း၊ အခြားမြို့နယ်များမှ လာရောက်သူများအား ညအိပ်လက်ခံမည်မဟုတ်ကြောင်း ဟိုပန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)