ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အတည်ပြုလူနာ တစ်ဦး စတင်တွေ့ရှိ

 

 

ဆိပ်ကြီးခနောင်တို ဇူလိုင် ၁

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဇွန် ၃၀ ရက်(ယမန်နေ့) နံနက်ပိုင်းက ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာတင်ဝင်းက Rapid Test Kits ဖြင့် စစ်ဆေးခဲ့ရာ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး၊ ၎င်းနှင့် အတူနေ မိသားစုဝင်များအား မြို့နယ် Quarantine Center တွင် ထားရှိစောင့်ကြည့်သွားမည်ဖြစ်ပြီး ၎င်းတို့နေထိုင်သည့် နေအိမ်နှင့် ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရောဂါဆက်လက်ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးတို့ကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူများက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေယံ