မြစ်ကြီးနားမြို့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) ဖြင့် တရားစွဲဆိုထားသူများအား ပြန်လည်လွှတ်ပေးသည့်အခမ်းအနားကျင်းပ

မြစ်ကြီးနား  ဇူလိုင်  ၁

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ယမန်နေ့ညနေ ၄ နာရီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) များဖြင့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်တွင်ရေးဖွင့်ထားသောအမှုများထဲမှ အချုပ်ဖြင့် ရဲစစ်ဆေးဆဲ/ တရားရုံးစစ်ဆေးဆဲ တရားခံများမှ ပြန်လည်လွှတ်ပေးသင့်သည့်တရားခံများအား ပြန်လည်လွှတ်ပေးသည့်အခမ်းအနားကျင်းပသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးက ပြန်လည် လွှတ်ပေးမည့် တရားခံများအား အမှာစကားပြောကြားခဲ့ပြီးပြစ်မှုမှလျော့ပေါ့ကင်းလွှတ်ခွင့် ပြုထားခြင်း အပေါ် ကောင်းမွန်စွာနေထိုင်ရန် ဂတိခံဝန်ချုပ်တွင် လက်မှတ်ရေးထိုးစေခြင်းများ ဆောင် ရွက်စေပြီး တရားခံများအား ညနေ ၇ နာရီ အချိန်ခန့်တွင် လွှတ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရားစွဲဆိုခံထားရသူ တရားခံ ကျား(၉၅)ဦး မ (၅၀) ဦး စုစုပေါင်း (၁၄၅)ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)