တနင်္သာရီတံတားထိပ်တွင် လမ်းနယ်စိမ်းလန်းစိုးပြေရေးအတွက် တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းစိုက်ပျိုး ဆောင်ရွက်

 

 

တနင်္သာရီ ဇူလိုင် ၁

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လမ်းဦးစီးဌာနမှ လမ်းနယ်များ တလျောက်တွင်စိမ်းလန်းစိုးပြေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၁ရက် နံနက်၇ နာရီအချိန်က တနင်္သာရီတံတားထိပ် အောက်ကင်းကျေးရွာဘက်ခြမ်းရှိ နဂါးရုပ်တုအနီး လမ်းနံဘေး နေရာများမှာ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းစိုက်ပျိုး ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

 

၎င်းတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲသို့ မြိတ်ခရိုင်လမ်း ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သီဟနှင့် ဝန်ထမ်းများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်စန်းမြင့်နှင့် အဖွဲ့ ဝင် များ၊ မြို့နယ်ကြက် ခြေနီသူနာပြတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များစုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ကြသည်။

 

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီအပင်(၅၀)ပင်နှင့် ခရေပင်(၅၀)ပင် ပေါင်း(၁၀၀) ပင်တို့အား ပူးပေါင်းအဖွဲ့က စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး၊  ဇဝဲကျေးရွာအုပ်စု-ဆန်းသစ်ကျေးရွာနှင့်

ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဗောဓိကမ်းတံတား ချဉ်းကမ်းလမ်းများတွင်လည်း ဆက်လက်စိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနက သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း