မြင်းခြံ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့်ဇွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့် ဇွဲ" စာအုပ်ထဲမှ သင်က အလုပ်ကိုချစ်လျှင်၊ အများ၏ယုံကြည်မှု၊ ချစ်သောမျက်စိဖြင့် ကြည့်ပါ၊ အောင်မြင်မှုခရီး၊ သင်နှင့်ကျွန်ုပ်တို့၏ အနာဂတ်၊ ကောင်းသောစကားနှင့် ကောင်းစေသော အစရှိသည့် အကြောင်းအရာများကို တင်ပြဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိနားလည်သည်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)