ဝိုင်းမော်မြို့နယ် အားကစားခန်းမ၌ Quarantine Center ဖွင့်လှစ်ထားရှိမှုနှင့် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေး

ဝိုင်းမော် ဇူလိုင် ၁

ဝိုင်းမော်မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ Quarantine Center ဖွင့်လှစ်ထားရှိမှုနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးနှင့် စည်ပင်ဝန်ထမ်းဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့က သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုရောဂါရှိသူများနှင့် ဆက်စပ် နေသော သံသယလူနာ(၄၀)ဦး ထားရှိမည့် မြို့နယ်အားကစားရုံအတွင်းရှိ အိပ်ဆောင်များ၊ ယင်လုံအိမ်သာများ၊ ရေချိုးခန်းများ၊ တာဝန်ကျ ဝန်ထမ်းများ ဆောင်ရွက်မည့်နေရာများနှင့် အခြားဆက်စပ်နေသော နေရာများအား  ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက် ကြီးကြပ်စစ်ဆေးခဲ့သည်။

ဆက်လက်၍ Stay At Homeနှင့် ပြည်ပမှ ပြန်လာသူများအား Quarantine ထားရှိနိုင်ရေးအတွက် အမှတ်(၂) ရပ်ကွက်ရှိ လောဝေါ် ခန်းမတွင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိပြီး လိုအပ်သည်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးနှင့် စည်ပင်ဝန်ထမ်းဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဝိုင်းမော်မြို့နယ်တွင် လက်ရှိကိုဗစ်အတည်ပြုလူနာ (၂၀)ဦးရှိပြီး ဆေးရုံတက်နေသူ(၁၄)ဦး၊ ဆေးရုံမှဆင်းသူ(၆)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးနှင့် ကုသူရေး ဦးစီးဌာနရုံးမှ သိရသည်။

ဝိုင်းမော်